What is IT ( IT ဆိုတာဘာလဲ?)

October 07, 2024

Data ဆိုတာဘာလဲ? Information ဆိုတာဘာလဲ?

  • Data ဆိုတာ စနစ်တကျ မစုစည်းထားတဲ့ အချက်အလက်တွေကို ခေါ်တာ။
  • Information ဆိုတာကတော့ process လုပ်ပြီး သေချာ စုစည်းထားတဲ့ အချက်အလက်တွေကို ခေါ်တာဖြစ်သည်။
  • Information ကို Data ကနေရရှိသည်။
  • Data ကနေ information ကို ပြောင်းပေးတာကို Information System လို့ခေါ်သည်။
  • Information ဆိုတာ ပြည့်စုံရမယ်၊ တိကျမှန်ကန်ရမယ်၊ မြန်မြန်ဆန်ဆန် အချက်အလက်တွေ ပြန်ရှာလို့ရရမယ်။

Information System

  • Information System ဟာ စာရွက်စာတန်းနဲ့လည်းဖြစ်နိုင်တယ်။
  • ယခုနောက်ပိုင်းတွင် Computer Based Information System (CBIS) ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတယ်။
  • Information System မှာ လူ, hardware, software, data, network စတဲ့ resources တွေလိုအပ်တယ်။

Information Technology (IT)

  • Data တွေကို အသုံးဝင်တဲ့ information အဖြစ် ပြောင်းလဲရာမှာ ကွန်ပျူတာတွေကို အသုံးပြုပြီး အချက်အလက်တွေကို တွက်ချက်မယ်၊ သိုလှောင်မယ်၊ လွှဲပြောင်းမယ် စတာတွေကို လုပ်ဆောင်တာကို IT လို့ခေါ်တာဖြစ်သည်။

IT နဲ့ ဆက်စပ်နယ်ပယ်တွေ

  • Hardware
  • Software
  • Networking
  • Database
  • Security
  • Cloud Computing
  • System Admin
  • Help Support

အဲ့ဒီနယ်ပယ်တွေမှာ Develop ဖြစ်စေတဲ့အလုပ်တွေသည် IT အလုပ်တွေဖြစ်တယ်။


  • Graphic Designer, Video Editor တို့လိုအလုပ်တွေဟာ IT အလုပ်တွေမဟုတ်ပါဘူး။
  • သူတို့ဟာ ကွန်ပျူတာအသုံးပြုသူတွေသာဖြစ်သည်။
  • ကွန်ပျူတာကို သုံးပြီးလုပ်တဲ့အလုပ်တိုင်း IT အလုပ်မဟုတ်ပါ။
  • Accounting တို့ Finance တို့လည်း ကွန်ပျူတာကို အသုံးပြုပေမဲ့ IT အလုပ်မဟုတ်ပါဘူး။

Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin